Wild to Wise Inspired Nature School

အသက် ၁၈လသား မှ ၃နှစ်၊ ၃ နှစ်မှ ၆ နှစ်အထိ၊ ၇ နှစ်မှ ၁၅ နှစ် အထိ အုပ်စု ခွဲထားရှိပါသည်။

မူကြို အရွယ် ကလေးငယ်များ ( NaturePreSchool)

အသက် ၃နှစ်မှ ၆နှစ်ကြားကလေးငယ်များအတွက် နေ့စဉ်လှုပ်ရှားမှုများတွင် သဘာဝတွင်ကစားခြင်းနှင့် နေရာအလိုက် အစီအစဉ်များပါရှိပါသည်။ တောတွင်းလမ်းလျှောက်၊ စူးစမ်းထောက်လှမ်းခြင်း၊ လိပ်ပြာလေးများဖမ်းယူလေ့လာခြင်း၊ ရုပ်သေးပွဲများ၊ သရုပ်ဆောင်တင်ဆက်ခြင်း၊ ပုံပြောခြင်း၊ သစ်ပင် ဥယာဉ်စိုက်ပျိုးခြင်း၊ဟင်းချက်ခြင်း၊ သီချင်းဆိုခြင်းနှင့် လှုပ်ရှားမှုကစားနည်းများ၊ ဝိုင်းဖွဲ့ခြင်း၊ ဆေးရောင်ချယ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ယောဂနှင့် တရားထိုင်ခြင်းများပါဝင်ပါသည်။

သင်ထောက်ကူပစ္စည်းများကိုလည်း သဘာဝပတ်ဝန်းကျင်တွင်ရှိသော ပစ္စည်းများကိုသာ အသုံးပြု ထားပါသည်။သစ်သားတုံးများဖြင့် တည်ဆောက်ကစားခြင်း၊ အရုပ်ကစားစရာများ၊ ပိုးအဝတ်များ၊ ရွှံ့မီးဖိုချောင်၊ သဘာဝရှိပစ္စည်းလေးများဖြင့် ကစားခြင်း၊ သဲ ကျောက် ရေကစားခြင်းနှင့်သဘာဝရှိအရောင်များကိုအသုံးပြုခြင်း တို့သည် သမားရိုးကျကျောင်းများနှင့်မတူ တမူကွဲ၍  ကလေးများကို သက်တောင့်သက်သာ ရှိစေပါသည်။

၁၈လမှ ၃၆ လကြား ကလေးငယ်များနှင့် ယင်းတို့၏မိဘများအတွက်အစီအစဉ် (Play Date)

ကလေးငယ်များ၏ဖွံ့ဖြိုးတိုးတက်မှုအကြောင်းဆွေးနွေးမည်၊ သီချင်းများလေ့လာမည်၊ လက်မှုပညာ ဖန်တီးမှုနှင့် သဘာဝကိုသက်ဝင်ခံစားထားသော လက်ရာများကို ဖန်တီးပြမည်။

ကစားစေခြင်းဖြင့်အားဖြင့် ကလေးများသည်း သူတို့၏ကမ္ဘာ ကိုနားလည်လာပြီးသူတို့၏ ဆန္ဒအမှန် များကိုလည်း ဖွင့်ဟလာတတ်ပါသည်။ မိဘများကလည်း သဘာဝကိုအခြေခံသော လက်ရာများကို ဖန်တီးကြမည်ဖြစ်သည်။

ပြင်ပမူကြိုကျောင်းများအတွက် (Nature Preschool Visiting)

အသက် ၃ နှစ်မှ ၆ နှစ်ကြားကလေးငယ်များအတွက် ကျောင်းပြင်ပမူကြိုရာသီမရွေး ပြင်ပတွင်သာ သင်ကြားမည်။ မည်သည့်ရာသီဥတုအခြေအနေတွင်မဆို ကလေးများအား ကစားနိုင်အောင်၊ သစ်တောအတွင်း ရှာဖွေလေ့လာစူးစမ်းနိုင်အောင် အားပေးကူညီသွားမည်။ လူကြီး များက ဦးဆောင်ရန်အတွက်မဟုတ်ပဲ ကူညီပေးရန်သာဖြစ်သည်။

အသက်ရှင်လွတ်မြောက်ခြင်း၊ ဘေးအန္တရယ် နှင့် ကျွမ်းကျင်မှု (Sruvival Skill)

အသက် ၇နှစ်မှ ၁၅နှစ်ကြားကလေးငယ်များအတွက် ကလေးများကို အသက်ရှင်လွတ်မြောက်မှု လုပ်ဆောင်ရာတွင် သတ္တိရှိလာစေရန်၊ ယုံကြည်မှုရှိလာစေရန်၊ ခံနိုင်ရည်ရှိလာစေရန်  စနစ်တကျ စီစဉ်ထားသော စွန့်စားမှုများကို မကြာခဏလုပ်ဆောင်ခိုင်းပါမည်။

ပြင်ပစခန်း (Outdoor Camp for School visiting)

အသက် ၇နှစ်မှ ၁၅ နှစ်အရွယ်ထိ ကလေးများအတွက် ရာသီစုံ နေ့ပြင်ပစခန်းထားရှိပါမည်။

အသက်ရှင်လွတ်မြောက်မှုအတွက် ကျွမ်းကျင်မှုများကို သင်ကြားပေးပါမည်။ ကလေးများကို တစ်ရက်စာအတွက်လိုအပ်သော ထုတ်ပိုးမှုပြင်ဆင်ခြင်း၊ ပြင်ပစခန်းအတွက်လိုအပ်သော အသုံးအ ဆောင် အဝတ်အထည်များ ၊ မီးမွှေးခြင်း၊ ကြိုးချည်းနည်း၊ ယာယီတဲ ရွက်ဖျင်တဲများထိုးခြင်း နှင့် ပြင်ပစခန်းတွင် လိုအပ်သော အစားအသောက်များအကြောင်း သင်ကြားပေးမည်။

Family Nature Club- ကျွန်ုပ်တို့၏သဘာဝတောရိုင်းသို့

ကျွန်ုပ်တို့၏ တောကျောင်း (TOORKYAUNG) သဘာဝ ပတ်ဝန်းကျင်ကျောင်းသို့ မိသားစုများလာရောက်၍ အတွေ့အကြုံယူမည့်အစီအစဉ်များကို အစိုးရ ကျောင်းများ ကျောင်းပိတ်ရက်နှင့်တိုက်အောင် စီစဉ်ထားရှိပါသည်။နေ့ခင်းဘက်အစီအစဉ်သာဖြစ်ပြီး ညအိပ်အတွေ့အကြုံယူမည်အစီအစဉ်မပါရှိပါ။

သင်၏ကလေးငယ်သည် သဘာဝတောအုပ်အတွင်းသို့ ဝင်ရောက်သွားသောအခါတွင်သူတို့သည်-

  • ကျွန်ုပ်တို့၏ ကိုယ်ပိုင်တောအုပ်ထဲတွင် သန့်ရှင်းသောလေကိုရှုရှိုက်၍ တစ်နေကုန် လန်းဆန်း တက်ကြွနေပါလိမ့်မည်။
  • သက်ဆိုင်ရာနေရာများတွင်ရှိသော လက်လှမ်းမီရာ သဘာဝပစ္စည်းလေးကို အသုံးပြု၍ စိတ်ကူးဥာဏ် ကွန့်မြူးပြီး တီထွင်ဖန်တီးတတ်လာပါမည်။
  • ကိုယ်နှင့်ဆိုင်သော တောတွင်းစွန့်စားမှုများနှင့် သဘာဝကစားနည်းများကို ရွေးချယ်တတ်လာ ပါမည်။
  • မိမိကိုယ်ကို ယုံကြည်မှု၊ လေးစားမှု၊ ပြဿနာဖြေရှင်းနိုင်မှု နှင့် ခံနိုင်ရည်ရှိမှုများ တိုးတက်လာပါ မည်။
  • သူငယ်ချင်း မိတ်ဆွေသစ်များ ပေါများလာပါမည်။
  • အတူကစားခြင်းဖြင့် ကျွမ်းကျင်မှုများတိုးပွားလာကာ သဘာဝကသင်ကြားပေးသော ခေါင်းဆောင်မှုစွမ်းရည် တိုးတက်လာပါမည်။

တောတွင်းအတွေ့အကြုံများစွာရှိသည့် ကျွန်ုပ်တို့၏ ဝန်ထမ်းများက ကလေးများကို ကြီးကြပ် စောင့်ရှောက်ပါမည်။

ပညာပေးခြင်း

တောကျောင်း (TOORKYAUNG) သဘာဝ ပတ်ဝန်းကျင်ကျောင်းသည် ကလေးများကို သဘာဝတွင် ကစားစေခြင်း၊ လေ့လာစူးစမ်းစေခြင်းဖြင့် ကလေးများက ကျွန်ုပ်တို့နေထိုင်သော သဘာဝပတ်ဝန်းကျင်ကို လေးစားချစ်မြတ်နိုးလာစေ သောသင်ယူမှုစနစ်ကို ယုံကြည်လက်ခံပါသည်။ဧက ၆၀ ကျော်ရှိသော သဘာဝသစ်တောဂေဟစနစ် အတွင်းရှိဇီဝမျိုးကွဲစုံတို့ကို အသုံးချ၍ ကလေးများနှင့် သဘာဝပတ်ဝန်းကျင်ကို ဆက်နွယ်ပေးခြင်း ဖြစ် ပါသည်။

ကလေးသူငယ်များအား သင်ကြားပေးသော ကျွမ်းကျင်သူဆရာများသည် ယင်းတို့၏စာသင်ခန်းများ တွင် တောကျောင်း (TOORKYAUNG) သဘာဝပတ်ဝန်းကျင်ကျောင်းမှ အခြေခံအချက်များကို ပြန်လည်မျှဝေနိုင်ရည် ရည်ရွယ်၍ ၁ ရက် သို့မဟုတ် ၂ ရက်ကြာသော အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးပါမည်။ ဤသို့ကျင်းပခြင်း သည် ကျွန်ုပ်တို့တောကျောင်းက ပြဌာန်းထားသော သင်ရိုးညွှန်းတမ်းပါ မျှော်မှန်း  သင်ယူခြင်း ရလဒ်များကို ရရှိစေရန်ဖြစ်ပါသည်။ မျှော်မှန်းထားသော သင်ယူခြင်းရလဒ်ကို ရရှိပါက အနာဂတ်တွင် သင်ကြားရေးစနစ်ပုံစံကို ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တောကျောင်း (TOORKYAUNG)မှ အသုံးပြုသော အခြေခံမူများကို လက်ရှိပညာရေး ရေစီးကြောင်းထဲသို့ အထောက်အပန့်အဖြစ် ရောက်ရှိစေရန် ကြိုးစားအား ထုတ်နေခြင်းဖြစ်ပါသည်။

တောကျောင်း (TOORKYAUNG)၏ အယူအဆ အတွေးအခေါ်သည် စာသင်ခန်းပြင်ပ သင်ယူခြင်းများနှင့် စာသင်ခန်းများအတွင်းမှာ သင်ယူရခြင်းများ၏ ကွာခြားပုံကို ပြသရန်အတွက် ၁ ရက် သို့မဟုတ် ၂ ရက်ကြာသော အလုပ်ရုံဆွေး နွေးပွဲများကို ကျင်းပပေးပါမည်။ ထို့အတွက်ကြောင့် ဆရာများက အလုပ်ရုံဆွေးနွေးပွဲမှရလာသော အတွေ့အကြုံနှင့် အတွေးအခေါ်များကို ယင်းတို့၏သင်ကြားပေးမှုအစီအစဉ်များတွင် ပြန်လည်အသုံးချ နိုင်မည်ဖြစ်သည်။